အရင်လ တောင်ကြီးပြန် ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ အဲဒီတုန်းက မိုးတွင်းဆိုတော့ လယ်တွေခြံတွေထဲက မြင်သမျှအရာအားလုံးက စိမ်းစိမ်းစိုစို၊ ပြောင်းဖူးခုတ်ပြီးချိန်မို့ ခြံထဲမှာ မုန်ညှင်းပင်လေးတွေ ပျိုးထားကြပြီ။ မုန်ညှင်းပင်တွေ အနေတော်ကြီးလာရင် အသင့်လုပ်ထားတဲ့ မြေကွက်လပ်ဆီ ပြောင်းစိုက်ကြရပြီ။ ခြံထဲရောက်တိုင်း နေပူကြီးထဲမှာ ခမောက်လေးဆောင်းပြီး တစ်ကုပ်ကုပ် အလုပ်လုပ်တတ်ခဲ့တဲ့ အမေ့ပုံရိပ်ကို မြင်ယောင်စေတယ်...

ခုတ်ပြီးသား ပြောင်းဖူးရိုးခြောက်တွေ ဒီလိုစုပုံထားတာကလည်း ရှုခင်းတစ်မျိုးလို့ဆိုရမယ်။ ပြောင်းဖူးကတစ်ပင်လုံး အသုံးဝင်လှတယ်။ ပြောင်းဖူးမသီးခင် လူတွေက ပြောင်းဖူးပင်အောက်ခြေက အရွက်တွေကို ခူးခူးပြီး နွားကျွေးကြတယ်။ ပြောင်းဖူးသီးတွေ ရင့်မှည့်လာပြီဆို ပြောင်းဖူးခွံကို ဆေးပေါ့လိပ်အတွက် သုံးကြပြီး ပြောင်းဖူးကိုတော့ ကုန်ကြမ်း၊ ကုန်ချောအဖြစ်နဲ့ လူ၊ တိရစ္ဆာန်တွေအတွက် အစာလုပ်ကြတယ်။ အစေ့ထွင်ပြီးသား ပြောင်းဖူးအူတိုင်ကိုတော့ (ရွာမှာ)ထင်းအဖြစ် သုံးကြတယ်။ ခြောက်သွားတဲ့ ပြောင်းဖူးပင်တွေကိုတော့ အခုလိုစုပုံ မီးရှို့ပြီး လယ်၊ ခြံတွေအတွက် မြေသြဇာလုပ်ကြတယ်။ ပြောင်းဖူးအမွေးကိုလည်း တချို့က အခြောက်ခံပြီး ဆေးမီးတိုအနေနဲ့ ပြုတ်သောက်ကြတယ်။
ဒါကတော့ ကျွန်မတို့အင်းသားအခေါ် ရေခလောက်ပေါ့။ (မမြင်ဖူးဘူးဆိုလို့..) ဗမာလိုတော့ ဘယ်လိုခေါ်တယ် မသိပါဘူး။ စီးနေတဲ့ချောင်းကိုပိတ်ပြီး ဝါးလုံး ဒါမှမဟုတ် ဝါးခြမ်း၊ သံပိုက်တွေနဲ့ အခုလိုထိုးပြီး ရေစီးစေတဲ့အရာပေါ့။ စီးကျတဲ့ရေအောက်မှာ ကျွန်မတို့ အဝတ်လျှော်၊ ရေချိုးကြတယ်။ ကျွန်မတို့ငယ်ငယ်က ရေချောင်းသေးတွေမှာ ငှက်ပျောပင်ကိုခွါပြီး ရေခလောက်အသေးစားလုပ် ကစားခဲ့ကြတယ်။ အရင်အဘိုးရှိတုန်းက ရေခလောက်ဟာ အခုလို ပုံမှာမြင်ရတဲ့အတိုင်း မသပ်မရပ် အသေးစားလေးမဟုတ်ခဲ့ဘူး။ အဲဒီတုန်းက ရေခလောက်က ကျယ်ကျယ်ဝန်းဝန်း၊ အဝတ်လျှော်၊ ရေချိုးဖို့ သစ်တုံးကြီးတွေ စီစီရီရီနဲ့ သံပိုက်လုံးကြီးထဲက ရေတွေတစ်ဝေါဝေါ စီးကျခဲ့တာပေါ့။ ခုတော့ အရာအားလုံးက သင်္ခါရတရားဖြစ်သွားခဲ့ပါပြီ။
နိုင်းနိုင်းစနေ
47 comments:
1 !!
စိမ်းစိမ်းစိုစို လေးတွေ လာကြည့်သွားပါတယ်။
မနိုင်းနိုင်း တို့ရွာလေးကစိမ်းစိမ်းစိုစို လေးတွေနဲ့မျက်စိအေးလိုက်တာ
ရွာပြန်ချင်တဲ့ စိတ်တွေ ထိန်းမရဘူး...။
In your village, I didnt see any house.
No houses or huts?
Nobody stay?
Only green?????????????????????
Just kidding?
Ha Ha Ha Harrrrrrrrrrrrrrrrr.
ပြောင်းဖူးအမွှေးကို မီးဖုတ်ပြီးပြုတ်သောက်ရင် ဆေးမြီးတိုအနေနဲ့ ဘယ်လို အကျိုးထူးတယ်ဆိုတာလေး
သိမယ်ဆိုရင် တဆိတ်လောက် ပြောပြပေးပါ နိုင်းနိုင်းရေ... ကျေးဇူးအထူးတင်ပါတယ်နော့..
အဲလို စိုက်ခင်းပုံလေးတွေကြည့်ရတာ ကြိုက်တယ်...
ကြည်နူးစရာကောင်းလို့...
mie nge
ရှမ်းပြည်ကိုလွမ်းလိုက်တာ..ငယ်ငယ်တုန်းကရေချောင်းထဲမှာကစားရတာအရမ်းပျော်တယ် :((
လွမ်းသလို ဆွေးသလိုလေးခံစားရတယ်.. ရွာကိုသတိရတယ်... စိမ်းစိုစိုလေးတွေလွမ်းတယ်..
လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ လဲ သတိရတယ်..
မုန်ညှင်းစိမ်းလေးတွေ ဓါတ်ပုံရိုက်ပြရင် သိပ်ကောင်းမှာပါ။ (ဒီမှာ ရှာဝယ်လို့ မရဘူး။
မုန်ညှင်းစိမ်းကို မမြင်ရတာ ကြာလှပေါ့)
To Mie Nge,
As far as I heard, it is good for Diabetes.
Just put it in the hot water like Dried Tea leaves.No need to boil.
Chit Tha Mee
နင်တို့ရွာက ဘိန်းစိုက်ခင်းတွေ ကော ဘာလို့ ရိုက်မပြလည်း ကိုးကန့်တရုတ်မ ....
အင်းသားအခေါ် ရေခလောက်ဆိုတာက ဗမာလို... ရေတံလျှောက် (Gutter) (ရေဒယောက် ဟု အသံထွက်ပါ၏။ အချို့ဒေသကလဲ ရေသယောက် ဟု အသံထွက်ကြပါ၏။)
Thanks a lot to Chit Tha Mee .
mie nge
အဲလိုတောတောင်ရေမြေတွေနဲ့စိမ်းလန်းတဲ့
ပတ်ဝန်းကျင်မှာနေနေရရင်အသက်ပိုရှည်လိမ့်မယ်ဗျာ
Have a nice trip!
congratulation မမနိုင်းနိုင်း. တသက်တာထာဝရအေးချမ်းစွာပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
လှလိုက်တာဗျာ-အရမ်းလွမ်းလာပြီ-
တောင်ကြီးတန်ဆောင်တိုင် LIVE ကြည့်ဘို့ ရှေ့ဆုံးကနေရာဦးထားမယ် မနိုင်းနိုင်းရေ..မနှစ်တုန်းက အရမ်းပျော်စရာ ကောင်းတာပဲ။
Have a Nice Trip.
ဟင်း.......အမ မင်္ဂလာဆောင်လား
အသံမကြား ဘာမကြားနဲ့ အမရယ်
ရင်ထဲမှာ ၀မ်းနည်းသွားတယ်..ဒါပေမဲ့ အမအတွက်တော့ ၀မ်းသာပါတယ်။ ဘယ်လို ပြောရမလဲ ကိုယ့်အမ တစ်ယောက် ရုတ်တရက် လက်ထပ်သွားတဲ့အခါ ခံစားရသလိုမျိုး။ ဘာပဲ ဖြစ်ဖြစ် အမ ပျော်ရွှင်ပါစေ...အောင်မြင်တဲ့ သာယာတဲ့ မိသားစု ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ အမရယ်။
ဒီနေ့မှမင်္ဂလာသတင်းလေးတွေဖတ်ရတယ်။အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် နိုင်းနိုင်းရေ။ စာတွေလည်း ဆက်ရေးပါနော်။
မမနိုင်းနိုင်းရေ....
C-Box မှရေးခဲ့ပေမယ့်ပျက်သွားမှာဆိုးလို့
ဒီမှာထပ်ရေးလိုက်တာပါ...မမ။
Congratulation ပါ....မမ။
အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေး
ရပါစေလို့ဆုတောင်းပါတယ်....မမ။
ရာသက်ပန်တစ်သက်လုံးပေါင်းရပါစေ....မမ။
ကြားရတာအရမ်းဝမ်းသာမိပါတယ်။
နိုင်းရေ . . . ၀မ်းသာပါတယ်ဗျာ။ အခုလို မင်္ဂလာသတင်းကို ကြားရတာ။ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် . . . ။
နိုင်းနိုင်းစနေ
Congratulations.
Wishing you a wonderful beginning, and love to last a lifetime.
From this moment, your life has begun.
From this moment, you two have become one.
Hope your love for each other grows every day.
And may your life blow with happiness.
Best wishes on your wedding.
ူမတ်လေးပန်း
Congratulations Ma Nine Nine Sanay.
God Bless You!
Congratulation ...ပါ.. မနိုင်းနိုင်း
Dear Nine Nine
I hope you have a good trip. Though I know you are away for amonth i come and visit your blog everyday with a little hope of you would be back.
I miss your post.
With love
Nang Seng
Congratulation စနေ!…
May you and your husband be blessed for the many precious years ahead :))
Congratulationပါ မနိုင်းနိုင်း။ မနိုင်းနိုင်းတို့ ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့သော ငြိမ်းချမ်းသာယာသောဘ၀လေးကို မခွဲမခွာ တသက်လုံး ပိုင်ဆိုင်ပါစေ..လို့
မစနေ..ပျော်ရွှင်ဖွယ်ဘ၀ခရီးကို နှစ်ဦးအတူလျှောက်လှမ်းနိုင်ပါစေ။
း)
ဒီကိုလာတော့မှာလားဟင်။
မမွန်
မနိုင်းနိုင်းစနေ...
Congratulations!
Wishing you many years of love and happiness.
Regards,
အိမ့်ချမ်းမြေ့
အိုအောင် မင်းအောင် ပေါင်းရပါစေ၊ ဘလော့ လဲ ဆက်ရေးနိင်ပါစေ၊
အစစ ပျော်ရွှင်ပါစေ မနိုင်းနိုင်းရေ.....
ပျော်ရွင်စရာမိသားစုဘ၀လေး ပိုင်ဆိုင်ပါစေ.....
WSL
အမရေ ၀မ်းသာပါတယ်။ အိုအောင်မင်းအောင် သာယာချမ်းမြေ့စွာ ပေါင်းသင်းနိုင်ကြပါစေနော်။ အမ က ပရိသတ်တွေကိုအသိတောင် မပေးဘူး အံ့သြအောင်လုပ်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်။ ဓာတ်ပုံတွေတင်ပါဗျို့။ စာတွေလဲဆက်ရေးပါဗျို့
စီဗောက်စ်မှာ ပျက်သွားရင် အစ်မမမြင်မှာစိုးလိ့ shwe yi
ကျွန်မတို့ဆီမှာ ဒါကို ရေဇရွတ်လို့ ခေါ်ပါတယ်။
Congratulations!Ma Nine Nine Sanay.
မင်္ဂလာဦးမှအစ သက်ဆုံးတိုင် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်စုလေး ဖြစ်ပါစေ
ဗျာ!!!!!!!!!!!!!
မင်္ဂလာသတင်းပါလား
ကံကောင်းတဲ့သတို့သားကဘယ်သူတုန်းဗျိုးးး
မလျှိုနဲ့လေဗျာ
ဓါတ်ပုံလေးတော့ တင်စေချင်တယ် ဟဲဟဲ :)
ဒီလိုရူ့ခင်း၊ဒီလိုနေရာမျိုးမှာ ကျွန်တော်ကြီးပြင်းခဲ့တာပါ။ လွမ်းစရာတွေတချို့တ၀က်ဖြေသိမ့်ခွင့်ရလို့ ... မနိုင်းနိုင်းစနေ...ကျေးဇူးဗျား။
Comments ရေးကြတဲ. အကို အမ တို.ရေ Congratulation ဆိုတာ လက်ထပ်လိုက်တဲ. အမျိုးသားကိုသာ ပြောရတာမဟုတ်ဘူးလားခင်ဗျာ ...မနိုင်းကိုပြောနေကြတော. အမနိုင်းကပဲ သူ.အမျိုးသားကို ကြိုးကြိုးစားစား ယူထားရသလိုကြီး..တတ်လွန်းလို.တော.မဟုတ်ပါဘူး wedding တခုမှာကျွန်တော်ကိုတိုင် အဲဒီလိုပြောမိပြီး အရှက်ကွဲဘူးလို.ပါ...
အပေါ်က ချစ်ဆွေကြီး ဆိုတဲ.နောင်တော်ရေ .. နောက်တာလည်းနောက်ပေါ. ... မြန်မာအမျိုးသမီးတယောက်ကို ဒီလိုဟာသမျိုးတော. မပြောသင်.ဘူးလို.ထင်ပါတယ်ခင်ဗျာ....
ပျော်ရွှင်ချမ်းမြေ.ပါစေ အမနိုင်းရေ ..
မောင်အေးချမ်း
မနိုင်းနိုင်း
ပျော်ရွှင်သောဘဝလေးဖြစ်ပါစေ။
ဘလော့များလည်း ဆက်လက် ရေးနိုင်ပါစေ။
ချမ်းမြေ့ဖွယ်အိမ်ထောင်ရှင်ဘဝလေးဖြစ်ပါစေ။
ချစ်စရာကောင်းတဲ့သားသားမီးမီးလေးများလည်း
ရပါစေ။ :D :)
မမတို့ ပုံတွေကြည့်ပြီးသွားပြီ တခြားဘလော့ကနေ။ လှတယ်။
ကိုအေးချမ်း ပြောတာ မှန်ပါတယ်။ မနိုင်းကို ရတဲ့ အမျိုးသားကို သူ့စွမ်းဆောင်နိုင်မှုအတွက် (၁၀ နှစ်၁၀မိုး ပိုးခဲ့တာ ဖြစ်ချင်ဖြစ်မယ်ဗျာ) ကွန်ဂရက်ကျူလေးရှင်း လုပ်ရမယ့်အစား လက်ထပ်ဖို့ သဘောတူခွင့်ပြုခဲ့တဲ့ မနိုင်းကို လုပ်မိရက်သား ဖြစ်နေတော့ အဓိပ္ပာယ်က တစ်မျိုး ဖြစ်နေပါတယ်။
ချစ်ဆွေကြီး ဆိုတဲ့လူကတော့ မိုက်ရိုင်းလွန်းတယ်ဗျာ။ မိန်းကလေးတစ်ေ.ယာက်ကို ဒီဟာသမျိုး မပြောရဘူးဆိုတာ သိသင့်ပါတယ်။ ဖျက်လိုက်တာ အကောင်းဆုံးပါ။
Wish you the best for your wedding :)
just heard it today.
your broke my heart :P
hehe kidding.
I wish you guys both to have a very happy life as a couple,
Thura
congrats to the groom and best wishes to the bride?? yes that's good manners on our granny age.. nowadays people say congrats to even parents.. people congratulate as happiness for them.. not for achievement..
marriage is not winning but sharing two lives together..
So congrats to both of you..
သင်္ခါရဆိုတဲ့ စကားက တစ်ကယ်တော့ ပြီးဆုံးခြင်း ပျက်သုဉ်းခြင်းမျိုးမဟုတ်ပါဘူး ။ ပါဠိကလာတဲ့ အဓိပယ်ကတော့ စိတ်ကလှုံဆော်မှုလို့ပြောလို့ရပါတယ် ။ အနတ္တလက္ခဏာသုတ် ကိုကြည့်ပြီးပြန်လည်ဆန်းစစ်ပေးပါ ။
ကွန်မန့်တွေထဲမှာ ကျုပ်အထက်က ကွန်မန့်ရေးတဲ့ ၂ ယောက်က တော်တော် ပေါတဲ့ လူတွေပဲ။ Annoymous က ညစ်ပတ်စုတ်ပဲ့တယ်။ Ag ဆိုတဲ့ လူက ဆိုလိုရင်း ရသကို မခံစားဘဲ ပေါစရာမဟုတ်တာ လာပေါနေတယ်။
ဒီနေရာမှာ မိတ်ဆွေ AG က သင်္ခါရ ကို စိတ်က လှုံ့ဆော်မှု--လို့ ဘာသာပြန်တာ လုံးဝ မှားပါတယ်။ ကြိုက်တဲ့ ဆရာတော် မေးကြည့်ပါ။ အဲဒီအနက်အဓိပ္ပာယ် လုံးဝ မဟုတ်ပါဘူး။
သင်္ခါရ ဆိုတာ ပြုပြင်စီရင်တတ်သော--ဆိုတဲ့ အနက်ပါ။ ဘာမှ မမြဲဘူး။ ပြောင်းလဲတတ်တယ်။ တသမတ်တည်း အမြဲမတည်ဘူး ဆိုတဲ့ သဘောပါ။ စာရေးသူ မနိုင်းနိုင်းစနေ ရေးတာလဲ ဒီသဘောပါပဲ။ မမှားပါဘူး။
ကျွန်တော် ဘာသာရေး စာပေတွေ ရေးနေတဲ့ သူပါ။ ဒီနေရာမှာ စာရေးသူ ရေးတာက အဓိပ္ပာယ်လဲ မလွဲဘူး။ နောက်ပြီး ဘာမှ အရေးတကြီး ပုံကြီးချဲ့ အမှားရှာနေရမယ့် နေရာလဲ မဟုတ်ဘူး။ သူလဲ ပေါ့ပေါ့ပါးပါး သုံးသွားတာပဲ။ မဟုတ်တာလေးကို ထောက်ပြပြီး အနတ္တလက္ခဏသုတ်တွေ ဘာတွေ မဆီမဆိုင် ဆွဲထည့်တာတော့ ဘာသာရေးကို တလွဲ အသုံးချရာ ရောက်ပါတယ်။
မနိုင်းနိုင်းက ဘာသာရေး စာရေးဆရာ မဟုတ်လို့ အနတ္တလက္ခဏသုတ် သူ မဖတ်ဖူးရင်လဲ သူ့အပြစ် မရှိပါဘူး။ တစ်ဖက်လူကို မလိုစိတ်နဲ့ ဝေဖန် အပြစ်ရှာချင်ဇောက ကြီးနေတော့ အမှားရှာထောက်လိုက်တာ အမှားမဟုတ်ဘဲ အမှန် ဖြစ်နေတော့ ခင်ဗျားအလွန် ဖြစ်သွားတယ် မိတ်ဆွေ။
သူ့ရွာလေးအကြောင်း၊ မိဘအကြောင်း အမှတ်တရ လွမ်းစာရေးတာ အနတ္တလက္ခဏသုတ်ကို မဆီမဆိုင် ဆွဲထည့်ရမယ့် နေရာလဲ မဟုတ်ပါဘူးဆိုတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကျွန်တော် မေတ္တာရပ်ပါရစေ။
Ma 99 yae,
I heard about ur wedding.
So happy for both of you..
May u two have beautiful life ahead..
Post a Comment